News and Notice

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စာတမ်းတင်သွင်းရက် တိုးမြှင့်သတ်မှတ်ခြင်း

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စာတမ်းတင်သွင်းရက် တိုးမြှင့်သတ်မှတ်ခြင်း

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် စာတမ်းတင်သွင်းပေးပို့လိုသူများသည် The 48th Myanmar Health Research Congress Website (https://www.myanmarhrc.com) တွင် ဝင်ရောက်၍ online မှ ပေးပို့ရာတွင် စာတမ်းအကျဉ်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် (ကြာသပတေးနေ့) မွန်းလွဲ (၃:၀၀)နာရီ သို့ လည်းကောင်း၊ စာတမ်းအပြည့်အစုံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက် (သောကြာနေ့) မွန်းလွဲ (၃:၀၀)နာရီ သို့ လည်းကောင်း၊ နောက်ဆုံးထားပြီး ပေးပို့ရန် ရက်တိုးမြှင့် သတ်မှတ်လိုက်ပါသည်။

Read More

(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အဖွင့်အမှာစကားပြောကြား

ရန်ကုန်၊ ဇန်နဝါရီလ (၈)ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ပြုလုပ်ကျင်းပသည့် (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- • ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များနှင့် ကျောင်းများ၊ ဆေးရုံများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဌာနအသီးသီး တို့တွင် သုတေသနပြု လုပ်သည့် သုတေသနယဉ်ကျေးမှု (research culture) ပိုမိုဖြစ်ထွန်း ဖွံ့ဖြိုးစေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ • အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ရပ်လုံး၏ စွမ်းဆောင်ရည်နှင့် ထိရောက် အကျိုးရှိမှု ပိုမို မြင့်မားစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော […]

Read More